Business with Perfect Life.
ကျွန်တော် မျှဝေခံစားမှာကတော့ မြွေဟောက်ကိုက်ခံရပြီး မသေဘဲ ပြန်ရှင်သန်လာခဲ့ရခြင်း အကြောင်း ဖြစ်ပါတယ်။ ၁၉-၂-၂၀၀၅ (စနေနေ့) ညနေ (၃း၄၅)မိနစ်မှာ ဆော့ကစားနေရင်း အကောင်(၁)ကောင် အကိုက်ခံရတယ် ဆိုပြီး ပြေးလာပါတယ်။ အကောင်ကိုက်တဲ့ နေရာကို ကြည့်တော့ သူရဲ့ ခြေထောက်မှာ အပေါက်ကလေး (၂)ပေါက် တွေ့ရပါတယ်။ ဒါမြွေကိုက်တာဆိုပြီး ကျွန်တော် ဆေးကြောသန့်စင်ပေးပါတယ်။ ပြီးတော့ သွေးတွေ ညှစ်ထုတ်ပေးပါတယ်။ တောင်ဒဂုံဆေးရုံမှာ ဆေး(၁)လုံးထိုးပြီး ကလေးကို စံပြဆေးရုံကို ခေါ်သွားပါတယ်။ သွေးစစ်တော့ သွေးက ခဲစပြုနေပါပြီ။....
ဆက်ဖတ်ရန်...
လွန်ခဲ့တဲ့ (၁၅)နှစ်ကတည်းက သွေးချို၊ ဆီးချို ဝေဒနာကို ခံစားခဲ့ရပါတယ်။ လမ်းလျှောက်ရင် နုံးတယ်။ မောပန်းနေတတ်ပါ။ အဆိုးဆုံးက ၂၀၀၅ခုနှစ် နောက်ပိုင်းမှာ သွေးချို၊ ဆီးချိုရဲ့ ရောဂါလက္ခဏာတွေ ပြလာပါ တော့တယ်။ လမ်းကောင်းကောင်း မလျှောက်နိုင်ဘူး။ မောပန်းလွယ်ပြီး၊ ခန္ဓာကိုယ်မှာ ပူလောင်နေတတ်ပါတယ်။...
ဆက်ဖတ်ရန်...
ကျွန်မဖြစ်တဲ့ရောဂါက လေးဘက်နာပိုးကြောင့် နှလုံးအဆို့ရှင် (၂)ခု ပျက်စီးသွားတဲ့ရောဂါ ဖြစ်ပါတယ်။ ကျွန်မ အသက်(၁၄)နှစ်လောက်မှာ အဆစ်အမြစ်တွေ အရမ်းကိုက်ပြီး ရောင်လာပါတယ်။ Aဆေးစစ်ကြည့်တဲ့အခါ ASO က ၂၆၀ U/ml ဆိုတာ တွေ့ရပါတယ်။ ဆရာဝန်ပေးတဲ့ ဆေးကို သောက်တဲ့အခါ သက်သာသွားလိုက်၊ တစ်ခါပြန်ကိုက်လိုက် ဖြစ်တတ်ပါတယ်။....
ဆက်ဖတ်ရန်...
ကျွန်တော် ဒီဓာတ်စာ မစားမီက မကြာခဏ အအေးမိခြင်း၊ နှာစေး၍ ဖျားပါတယ်။ နိုဝင်ဘာလ (၂၀၀၅)၊ လလယ်လောက်မှာ လည်ပင်းမှာ အကျိတ်တွေ ထွက်လာပါတယ်။ ညမှာ ကိုယ်အပူချိန် တက်၍ ဖျားပါတယ်။ ဓာတ်မှန်ရိုက်ကြည့်တော့ အဆုတ်မှာပါ အကျိတ်တွေ တွေ့ရပါတယ်။ ၂-၂-၂၀၀၆ မှာ လင်ဇီး (၁)တောင့်၊ ပန်းဝတ်မှုန် (၂)တောင့် (၂)ကြိမ်နှုန်းနဲ့ လက်ဖက်ခြောက် အနီနဲ့ အဝါ ကိုပဲ တွဲသောက်ခဲ့ပါတယ်။....
ဆက်ဖတ်ရန်...
ကျွန်မ ခံစားရတဲ့ ဝေဒနာကတော့ SLE ရောဂါဖြစ်ပါတယ်။ ၂၀၀၄ခုနှစ် ဒီဇင်ဘာလကစပြီး ကျွန်မ တဖြည်းဖြည်း ပိန်လာပြီး ကိုယ်အလေးချိန် ကျလာပါတယ်။ အစာလည်း မစားနိုင်ပါဘူး။ ၂၀၀၅ခုနှစ်၊ ဇွန်လမှ အရေပြားတွင် အနီရောင် အဖုတွေပေါက်ပြီး ဖျားပါတယ်။ ဆရာဝန်ပြတော့ ရေယုံလို့ပြောပြီး၊ Antibiotics တွေပေးတော့ သက်သာပါတယ်။.....
ဆက်ဖတ်ရန်...
ကျွန်မဖြစ်တဲ့ ရောဂါက မွေးရာပါ သာလာဆီးမီးယား မိုင်နာ (သွေးအားနည်းရောဂါ) ဖြစ်ပါတယ်။ ဒီဓာတ်စာ မစားခင်က သွေးဝမ်း ခဏခဏ သွားတယ်။ သွားဖုံးက သွေးယိုတယ်။ လက်တွေ၊ ခြေထောက်တွေက တစ်ခုခုနဲ့ ခိုက်မိရင် အညိုရောင် အကွက်တွေ ထတတ်ပါတယ်။ ပထမတုန်းကတော့ ကျွန်မ ဒါကို ရိုးရိုးသာမန်လို့ ထင်ခဲ့ပြီး၊ ကျွန်မ ကျန်းမာရေး ထိန်းတဲ့ အနေနဲ့သာ လက်ဖက်ခြောက်အဝါနဲ့ ပန်းဝတ်မှုန်ကို သောက်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်မရဲ့ ကျန်းမာရေးဟာ အတော်အသင့် ကောင်းလာပါတယ်။.....
ဆက်ဖတ်ရန်...
ကျွန်မသားဖြစ်ခဲ့တဲ့ ရောဂါကတော့ Nephrotic Syndrome ခေါ် ကျောက်ကပ်ရောင်ရောဂါ ဖြစ်ပါတယ်။ ကလေး (၁၀)လသားလောက်မှာ မကြာခဏ ဖျားတဲ့အတွက် ကလေးအထူးကု ဆရာဝန်ကြီးနဲ့ သွားပြပါတယ်။ ဓာတ်မှန် ရိုက်ကြည့်တဲ့အခါ T.B Suspect လို့ပြောပြီး တီဘီဆေး တိုက်ပါတယ်။ တီဘီဆေး တိုက်ပြီး (၃)လခွဲလောက်အကြာ နံနက် မိုးလင်း အိမ်ယာထတဲ့အခါ ကလေးရဲ့ မျက်ခွံတွေ ဖောင်းနေပါတယ်။ ဒါဟာ ကျောက်ကပ်ရောင်တဲ့ လက္ခဏာ ဖြစ်ပါတယ်။.....
ဆက်ဖတ်ရန်...
ကျွန်မရဲ့ ကိုယ်တွေ့က သားသမီး မရရာမှ ရလာခြင်း ကိုယ်တွေ့ ဖြစ်ပါတယ်။ ကျွန်မ သိုင်းရွိုက်အကျိတ်ကို သုံးကြိမ်ခွဲစိတ်ထား၍ သားသမီးရဖို့ ခက်ခဲနေသဖြင့် O.G သားဖွားမီးယပ် ပါရဂူ တွေနဲ့ ပြခဲ့ရပါတယ်။ အိမ်ထောင်ဘက် (၁၀)နှစ်အတွင်းမှာ သားသမီး (၂)ကြိမ် ပျက်ကျခဲ့ပါတယ်။ ကျွန်မ အမျိုးသားက ဒီမှာ သားသမီးမရနိုင်ရင် နိုင်ငံခြားသွားပြီး ပြသဖို့အထိ စိတ်ဆုံးဖြတ်ခဲ့ပါတယ်။.....
ဆက်ဖတ်ရန်...
ဒီဓာတ်စာနဲ့ မတွေ့ခင်က နေ့တိုင်း သွေးတိုးတက်ပြီး၊ အမြဲတမ်း အကြောတွေ တက်ပါတယ်။ အဆစ်အမြစ် တွေလည်း နာတယ်။ ဆရာဝန်တွေနဲ့ နေ့တိုင်း ဆေးထိုးနေရတယ်။ ရန်ကုန်မှာ ပါရဂူတွေနဲ့ ပြတယ်။ ပြတော့လည်း ဒီအတိုင်း ဖြစ်နေပါတယ်။ ပက်လက်အိပ်ရင် ရင်ဘတ်ထဲမှာ ကျပ်လာတယ်။ နှလုံးအထူးကုနဲ့ ပြတော့ စမ်းသပ်ကြည့်တဲ့အခါ နှလုံးရောဂါ မရှိကြောင်း သိရပါတယ်။ သုံးပတ်ဆက်ပြတော့ သွေးထဲမှာ အဆီဓာတ်တွေ များနေတာ တွေ့ရတယ်။....
ဆက်ဖတ်ရန်...
ကျွန်တော် ခံစားခဲ့ရတာကတော့ ဆီးကျိတ်ရောင်ရောဂါပါပဲ။ ၁၉၉၉ ခုနှစ်လယ်လောက်မှာ ကျွန်တော် ဗိုက်ကို အာလ်ထရာဆောင်း ultrasound ရိုက်ကြည့်တော့ မမျှော်လင့်ဘဲ ဆီးကျိတ်ရောင်ရောဂါ ရှိတယ်ဆိုတာ သိခဲ့ရတယ်။ ဆီးသွားရင် အထစ်ထစ် အငေါ့ငေါ့ ဖြစ်တယ်။ ဆီးသွားရင် ဆီး ကျန်တတ်တယ်။ ညမှာ ဆီးခဏခဏ ထသွားနေရပါတယ်။.....
ဆက်ဖတ်ရန်...